လူတွေပြောတတ်တဲ့ ၀ဋ်လည်မယ်ဆိုတာ ဘာလဲ ???
တကယ်တော့ ၀ဋ်လည်တယ်ဆိုတာ ကိုယ်က တခြားသူအပေါ်မှာ အကောင်း အဆိုး ပြောခဲ့တဲ့ နှုတ်အမူအရာ ကိုယ်ဟန်အမူအရာတွေဟာ
တချိန်မှာ ကိုယ့်ဆီကို ပြန်ရောက်တာပဲ။
ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးပြန်စံစားရသလို.. ဆိုးတာလုပ်ရင် ဆိုးတဲ့အကြောင်းပြန်ခံစား ရတာကို တန်ပြန်တဲ့ နိယာမတွေပဲဖြစ်တယ်။
ဝဋ်လည်ခြင်းက အခုချိန်မှ ပေါ်ပေါက်ပြီး ဖြစ်ပေါ်နေတဲ့စကားတွေမဟုတ်ပါဘူး။
ဘုရားရှင်လက်ထက်ကတည်းက ဖြစ်ပျက်နေတဲ့သဘောတရားတွေပါ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း.အမူအရာတစ်ခုဟာ တပါးသူအတွက် နစ်နာသွားမယ်ဆိုရင်တော့
ကိုယ့်အတွက်လည်းကောင်းတဲ့တုံ့ပြန်မှု မလာနိုင်တာ အသေချာပါပဲ။
ဝဋ်လည်ခြင်းနှင့်ပက်သက်ပြီး ဘု၇ားရှင် ကိုယ်တော်မူ၌ပင် သာဓက များစွာရှိခဲ့ပါတယ်။
ထို့ကြောင့်လည်းပဲ ၀ိပါက်တော် (၁၂)ပါးဆိုပြီး ကျမ်းဂန်များမှာ အဆိုရှိခဲ့ပါတယ်။
မြတ်ဗုဒ္ဓဘုရားရှင်ဟာ ဥရုဝေလတော၌ ခြောက်နှစ်ပတ်လုံး ဒုက္ခရစရိယ ကျင့်ရခြင်းသည်လည်း ဟိုးရှေးဘ၀များ၌ နှုတ်တစ်ခွန်းကြောင့်
တန်ပြန်တဲ့ သဘောတရားတစ်ခုပါပဲ။
ဘုရားရှင်သည် ဇောတိပါလ အမည်ရှိတဲ့ ပုဏ္ဏား ဖြစ်ခဲ့စဉ်က ကသပဘုရားရှင်သည် ၆ ရက်နှင့် သဗ္ဗေညုတဥာဏ် ရရှိတော်မူသည်ကို
ငါသာဆိုရင် ၆နှစ်ကျင့်ပြမယ်ဆိုတဲ့ စကားတစ်ခွန်းက ၀ဋ်လည်ခြင်းကိုဖြစ်စေတာပါပဲ။
ထို့နည်းအတူ တခြားတခြားသော နှုတ်ကံအမူအရာ ကာယကံ အမူအရာတွေဟာ ဘုရားရှင်တောင်မှ ဖြစ်ခဲ့ရတယ်ဆိုတာကို သိခဲ့မယ်ဆိုရင်
မိမိတို့လို ပုထုဇဉ် လူသားတွေအတွက် ၀ဋ်လည်တယ်ဆိုတဲ့စကားဟာ ဘယ်အတိုင်းအတာထိများရှိနေမလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။
(၀စီဗေဒ ထိတိုင်းရှ) ဆိုတဲ့စကားဟာ ရှေးလူကြီးတွေစကားတစ်ခွန်းပါ။
ကိုယ်ကတော့ဘာရယ်မဟုတ်ပျော်စေချင်လို့နောက်လိုက်တဲ့စကား၊ စလိုက်တဲ့ စကားတစ်ခွန်းဟာ
အပြောခံရတဲ့သူ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ.ကိုယ့်အပေါ်မှာ ပြန်ဝဋ်လည်တာပါပဲ
အခုချိန်မှာ ၀ဋ်မလည်ခဲ့ရင်တောင်မှ နောင်တစ်ချိန်မှာ ၀ဋ်လည်ခံရတာပဲ..
ဥပမာ တစ်ခု ပြောရမယ်ဆိုရင်
လူတစ်ယောက်က တခြားလူတစ်ယောက် နှုတ်ခမ်ကွဲနေတာကိုမြင်ရင်တောင်မှ
(ဟာ...ဒီလူရုပ်ဆိုးလိုက်တာကွာ.. နှုတ်ခမ်းကလည်းကွဲနေတယ် စကားကလည်းမပီဘူး ) ပြောလိုက်တယ်ဆိုကတည်းက
ဒီလူမှာ ပြန်မဖြစ်ရင်တောင်မှ သူမွေးခဲ့သားသမီး ၊ သူနဲ့အနီးစပ်ဆုံးလူ တစ်ဦးဦးမှာ ပြန်ဖြစ်နိုင်မယ်ဆိုတာ မလွဲမသေပါပဲ။
ဝစီကံ တစ်ခုတောင် အဲလောက်ကြောက်ဖို့ကောင်းနေမယ်ဆိုရင်..
တချို့တချို့သော သူများဟာ တခြားသူတွေရဲ့ ပစ္စည်းများခိုးယူလုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သမီးပျိုများအား မတရားဖျက်စီးခြင်းစတဲ့.....
အကြောင်းအရင်းအမျိုးမျိုးတွေဟာ ကိုယ့်အပေါ် ဘယ်အတိုင်းအတာထိ ၀ဋ်လည်နိုင်မလဲဆိုတာ တွေးရုံနဲ့တင် မြင်နိုင်ပါတယ်။
မနောကံဆိုတဲ့ စိတ်ရဲ့ပြစ်မှားမှုကြောင့်လည်း ၀ဋ်လည်ခြင်းတွေအမြောက်အမြားရှိခဲ့ပါတယ်။
ရှေးယခင်က လူတစ်ယောက်ဟာ ရဟန်းနာ တပါးကို စိတ်နဲ့ပြစ်မှားမိခဲ့လို့ နောင်ဘ၀မှာ အခြောက်ဖြစ်ခဲ့ရတယ်ဆိုတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။
လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့အရာမှန်သမျှကို ပြောဖို့ဝန်မလေးတတ်သူတွေပါပဲ။
ကိုယ်ပြောတဲ့စကားကိုသာ အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ပြောဖို့လိုပါတယ်။
အဲလိုပြောတတ်နိုင်ဖို့လည်း မိမိရဲ့စိတ်ကို ကောင်းတဲ့စိတ်ထားတတ်ရမှာပါ။
အပေါ်ယံဟန်ဆောင်ခြင်းတွေနဲ့ အပေါ်ယံ စကားမျိုး၊ အပေါ်ယံ အမူယာမျိုး ပြုမူမယ်ဆိုရင်.
ကိုယ့်အပေါ်မှာလည်းပဲ အပေါ်ယံပဲပြန်လာမှာပဲ။
ကိုယ့်စိတ်က တပါးသူအပေါ်မှာ လေးလေးနက်နက် တန်ဖိုးထားတတ်မှသာ ကိုယ့်အပေါ်မှန်ကန်တဲ့မေတ္တာ
မှန်ကန်တဲ့ စေတနာက တန်ပြန်လာမှာပါ။
မေတ္တာမှန်ရင် ရောင်ပြန်ဟပ်တယ် ဆိုတဲ့စကားက တကယ့်ကိုလေးနက်ပါတယ်။
ဘယ်သူ့အပေါ်မဆို မှန်မှန်ကန်ကန်နဲ့ ကောင်းတာပြော ကောင်းတာဆို ကောင်းတာလုပ်ပေးနိုင်မယ်ဆိုရင်
ကိုယ့်အတွက်တော့ ကောင်းခြင်းတွေပဲ ပြန်လည်လာမှာပါ။
မကောင်းတာပြောဆိုနေသရွှေ့ မကောင်းတဲ့ အမူအရာတွေပဲ ပြန်လည်လာမှာပါ။
ဒါတွေအားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ၀ဋ်လည်ခြင်းတွေပါပဲ။
ထို့ကြောင့် မိမိအတွက် မေတ္တာအတု အယောင် မပါပဲ ကောင်းတဲ့ တုံပြန်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
မိမိစိတ်ကို မိမိ အရင်ဆုံးပြုပြင်နိုင်မှသာလျှင်ဝဋ်လည်ခြင်းတွင်လည်း ကောင်းသော ၀ဋ်လည်ခြင်းများနှင့်သာ ကြုံတွေ့ရမှာ မလွဲမသေပါပင်။
(ရှင်တာရာ)
2 comments:
ကြောက်စရာအလွန်ကောင်းတဲ့ ဝစီကံအကြောင်း ဖတ်သွားပါတယ်။
စိတ်ချမ်းသာပါစေ။
အကျိုးရှိတဲ့ ၀ဋ်လည်ခြင်းအကြောင်းလေးပိုစ့်ဖတ်ရတဲ့ အတွက်ကျေးဇူးပါ။ ကိုယ်လည်းရေးချင်နေပေမယ့် မရေးဖြစ်သေးလို့ ပါ။ အဆင်ပြေပျော်ရွှင်ပါစေ။
Post a Comment