Wednesday, August 20, 2008

တရားရဲ့လား

ခွင့်လွှတ်ပါ...
ရည်ရွယ်ချက်နဲ့ တမင်အငြိုးထားပြီး လှည့်စားခဲ့တာမဟုတ်ရပါဘူး
ခွင့်လွှတ်ပါ...
ယုံကြည့်လောက်အောင် ပုံပြင်တွေပြောပြခဲ့တာ မဟုတ်ရပါဘူ;
ခွင့်လွှတ်ပါ...
ခလုတ်တိုက်ပြီးမှ ဆောရီးလို့ ပြောတာမဟုတ်ရပါဘူး
ခွင့်လွှတ်ပါ...
အချစ်မှာ မျက်စိမပါဘူးဆိုပေမဲ့
အချစ်မှာ မတရားတာမရှိဘူး ဆိုပေမဲ့
အချစ်မှာ အကြောင်းပြချက်မလိုဘူး ဆိုပေမဲ့
အတ္တမပါတဲ့ အချစ်တစ်ခု
အနိုင်နဲ့ ပိုင်းခွင့်
ဒီပွဲမှာ နှုတ်ထွက်ခွင့်ပြုပါ.(ရှင်လမင်း)

No comments: