နွေရယ် ပူလောင်တယ်
ရေအေးလေးတခွက်
ပဲ့ကိုင်ရှုင်ရဲ့ လက်နဲ့
ပက်ဖျန်းပေးစေချင်မိတယ်
မမှီသော အလှမ်း
မလိုသော အနမ်း
မပိုင်ဆိုင်ရသော
ချစ်သူရဲ့ စိတ်အား
အငိုလွယ် အရှိုက်ခက်
အယုံလွယ်သူ တစ်ယောက်ရဲ့
သောကတွေပဲ ဆုလာဒ်လိုမှတ်လို့
ရင်နာနာနဲ့
ငါ့ စိတ်တွေသိပ်ရိုင်းသွားခဲ့တယ်(ရှင်လမင်း)
1 comment:
ကောင်းလိုက်တာနော် ဆက်အားပေးနေမယ်...
Post a Comment